​​​​​​​ညောင်ဦးမြို့နယ်၌ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေး

ညောင်ဦး ဒီဇင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်းကို ဒီဇင်ဘာ ၁၉ ရက်၊ နံနက် ၁၀ နာရီက မဏိစည်သူဈေး၊ ဘုန်းစဉ်အခွန်လွတ်ဈေးနှင့် ရပ်ကွက်များအတွင်း ရောင်းချလျက်ရှိသော အင်္ဂလိပ်ဆေး၊ တိုင်းရင်းဆေးနှင့်စိုက်ပျိုးရေးဆေးဆိုင်များအား စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့ကွင်းဆင်းစစ်ဆေးရာ ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးတင်မျိုးခိုင် ဦးဆောင်ကာ အစားအသောက်နှင့်ဆေးဝါးကွပ်ကွဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့မှဝန်ထမ်းများသည် အင်္ဂလိပ်ဆေး၊ တိုင်းရင်းဆေးနှင့် စိုက်ပျိုးရေးဆေးဆိုင်များတွင် ရောင်းချလျက်ရှိသည့် ပဋိဇီဝဆေးဝါးရောင်းချခြင်း၊ သက်တမ်းလွန်ဆေးများရောင်းချခြင်းနှင့်ပတ်သက်၍ လိုက်လံစစ်ဆေးခြင်းနှင့် ဈေးကွက်နမူနာကောက်ယူခြင်းများ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း