ရန်ကင်းမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများစာရင်းကို ပထမအကြိမ် ကပ်ထားကြေညာထားရှိရာ တာ၀န်ရှိသူများက နေ့စဉ်ကြီးကြပ်ဆောင်ရွက်လျက်ရှိ
သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ၏မဲစာရင်းများကို ပထမအကြိမ် ရပ်ကွက်များအလိုက် ကပ်ထားကြေညာထားရာ နေ့စဉ်နံနက် ၇ နာရီမှ ည ၉ နာရီအချိန်အထိ လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။