မင်းဘူးမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်များ ပြင်ဆင်တပ်ဆင်

မင်းဘူး ဒီဇင်ဘာ  ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ၊ တပ်ဆင်ခြင်းများကို ယနေ့နံနက် ၁၀ နာရီက မင်းဘူးမြို့ ရုံးပေါင်းစုံ တတိယထပ်တွင် တပ်ဆင်စစ်ဆေးခဲ့ကြသည်။

ဦးစွာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အတွင်းရေးမှူး ဒေါ်ချောစုရည်နှင့်တာန်ရှိသူများကစက်များအား Control Unit ပိုင်း နှင့် Ballot Unit ပိုင်းများ၊ ဖြုတ်ခြင်း၊ တပ်ခြင်း၊ ပြင်ဆင်ဆောင်ရွက်ထားရှိခြင်း အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။  

မင်းဘူး (စကု) မြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၇၄ အုပ်စု ရှိသည့်အနက် ၅၇ အုပ်စုတွင် ဖွင့်လှစ်မည့် မဲရုံပေါင်း ၁၁၁ ရုံတွင် မဲပေးစက် MEVM စက် ၄၄၄ လုံး ဖြန့်ဝေပေးထားပြီး ဆန္ဒမဲပေးနိုင်သည့် ပြည်သူပေါင်း ၁၁၇၉၂၆ ဦးခန့်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)