ဆောင်းနေကြာမျိုးစေ့ထုတ်စိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့(ဆင်းရွှေကြာ-၂) ထောက်ပံ့ပေးအပ်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဆောင်းနေကြာမျိုးစေ့ထုတ်စိုက်ပျိုးမည့်တောင်သူများအား နေကြာမျိုးစေ့(ဆင်းရွှေကြာ-၂) ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စိမ်းစားပင်ကျေးရွာရှိ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ(KC)တွင် ကျင်းပခဲ့သည်။