မိုင်းဆတ် နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ အ.ထ.က(မိုင်းဆတ်)ပညာရေးမိသားစုမှ (၄၈)ကြိမ်မြောက် ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများလှူဒါန်းခြင်းကို ယနေ့နံနက် (၇)နာရီခွဲက သဗ္ဗညုဘုန်းကြီးကျောင်း၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သဗ္ဗညုဘုန်းတော်ကြီးကျောင်းသို့ ဆက်ကပ်လှူဒါန်းခြင်းမပြုမီ ကျောင်းအုပ်ဆရာကြီး ဦးဇော်လှိုင်ထွန်း ဦးဆောင်၍ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများက ပဒေသာပင်များနှင့် လှူဖွယ်ပစ္စည်းများကို အ.ထ.က (မိုင်းဆတ်)ကျောင်းမှ စတင်၍ မြို့တွင်းလှည့်လည်ခဲ့ကြပြီး ထိုသို့ လှည့်လည်နေစဉ် စေတနာရှင်အလှူရှင်များက အလှူငွေများ ထည့်ဝင် လှူဒါန်းခဲ့ကြသည်။
အဆိုပါ ကထိန်ပဒေသာပင်နှင့် လှူဖွယ်ပစ္စည်းများကို အ.ထ.က(မိုင်းဆတ်) ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ ပဒေသာပင်(၁၇)ပင်၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၁၆၅၅၀၀)အား သဗ္ဗညုဘုရားရင်ပြင်တော်တွင် လှည့်လည်ပူဇော်ကြပြီး ဓမ္မာရုံအတွင်းသို့ ပို့ဆောင်ကာ မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တဣန္ဒက(ဓမ္မာစရိယ)ဆရာတော် ထံသို့ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
မြင့်မောင်