တောင်သာမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အခမ်းအနားမှူးသင်တန်းဖွင့်လှစ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခမ်းအနားမှူးသင်တန်းအား ယမန်နေ့နံနက် (၁၀) နာရီအချိန်က ဖွင့်လှစ်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာ-တရုတ် ကုန်စည်တင်/ပို့ရာတွင် မော်တော်ယာဉ်များ စနစ်တကျ ဖြစ်စေရေး ကုန်စည်ပို့ဆောင်‌ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ် ကြပ်မတ်နိုင်ရေးနှင့် ဝိုင်းမော်မြို့နယ် နမ့်ဒဘက်ချောင်းအတွင်းမှ ရေအားလျှပ်စစ်ထုတ်

ကချင်ပြည်နယ်အတွင်းမှ စိုက်ပျိုးထွက်ရှိသည့် ငှက်ပျော၊ ကြံ၊ ဖရဲ၊ ငရုတ်စသည့် စိုက်ပျိုးသီးနှံများ အပါအဝင် အခြားကုန်ပစ္စည်းများအား တရုတ်နိုင်ငံသို့ သယ်ယူပို့ဆောင်ရာတွင် မော်တော်ယာဉ်များ စနစ်တကျဖြစ်စေရေးနှင့် နှစ်နိုင်ငံကုန်စည်စီးဆင်းရာတွင် ပိုမိုအားကောင်းခိုင်မာပြီး အကျိုးရှိထိ‌ ရောက်စွာ စီမံကွပ်ကဲဆောင်ရွက်နိုင်‌ရေး ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများနှင့် ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ရှင်းလင်း ဆွေးနွေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

ကလိန်အောင်မြို့ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို ပုံပြင်ပြောပြိုင်ပွဲဆောင်ရွက်

၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့တွင် ကျရောက်မည့်(၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်‌‌အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင်  ယနေ့  မွန်းလွဲ(၁)နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းအချိန်က ဒို့ကျေးရွာဂျာနယ်အတွဲ(၁၉)၊ အမှတ်(၁၇)စာစောင်မှ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့်“မကောင်းမှုများရှောင်ရှားပါ” ခေါင်းစဉ်ဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို အထက်တန်းကျောင်းသား၊ ကျောင်းသူများနှင့် ကျင်းပခဲ့သည်။

ညောင်တုန်းမြို့နယ်၌ မြို့နယ်အဆင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြို့နယ်အဆင့် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီခွဲအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ကချင်ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြစ်ကြီးနားမြို့ရှိ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲက ပြုလုပ်သည်။

မိုးနဲမြို့နယ် ဆိုင်းဖယ်(အမက)ကျောင်း၌ အားကစားဆိုင်ရာအသိပညာပေးခြင်းနှင့် အထောက်အကူပြုပစ္စည်းများ ပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ မိုက်ဟိုင်းကျေးရွာအုပ်စု ဆိုင်းဖယ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် ၈ နာရီအချိန်ခန့်တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားနည်းစနစ်များအကြောင်း အသိပညာပေးဟောပြောခြင်းနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက်ပိုင်းက  စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းကို  ကျင်းပပြုလုပ်ခဲ့သည်။ 

(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်သူများကြည့်ရှုလေ့လာနိုင်ရန် ပြခန်းများခင်းကျင်းပြသ

(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ပြည်သူများနှင့်လူငယ်လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းများ၏ ဒေသဖွံ့ဖြိုးရေးနှင့် အခြားဆောင်ရွက်ချက်များအားသိရှိစေရန်နှင့် အသိပညာဗဟုသုတများရရှိစေရန် ကြည့်ရှုလေ့လာနိုင်စေရေး ဌာနဆိုင်ရာပြခန်းများအား ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ သီရိကွင်းတွင်ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
Subscribe to