မုံရွာမြို့တွင် Mask များ အခမဲ့ဝေငှ၍ စနစ်တကျတပ်ဆင်သွားလာစေရေး ကျန်းမာရေး အသိပညာပေး ဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် Mask များ အခမဲ့ဝေငှ၍ စနစ်တကျတပ်ဆင်သွားလာစေရေး ကျန်းမာရေး အသိပညာပေးခြင်းများကို စဥ်ဆက်မပျက် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်၈နာရီမှ ၉ နာရီအထိ မုံရွာမြို့ မြဝတီရပ်ကွက် မိုဃ်းကောင်းဘုရားအနီး၌ သွားလာသော ပြည်သူများ အတွက် (Mask Campaign) ဆောင်ရွက်ခဲ့ကြောင်း သိရသည်။