မိုးနဲမြို့နယ် ဆိုင်းဖယ်(အမက)ကျောင်း၌ အားကစားဆိုင်ရာအသိပညာပေးခြင်းနှင့် အထောက်အကူပြုပစ္စည်းများ ပေးအပ်

မိုးနဲ နိုဝင်ဘာ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ မိုက်ဟိုင်းကျေးရွာအုပ်စု ဆိုင်းဖယ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် ၈ နာရီအချိန်ခန့်တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားနည်းစနစ်များအကြောင်း အသိပညာပေးဟောပြောခြင်းနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်အားကစားမှူး ဒေါ်နန်းသန်းသန်းစိုးက ဆိုင်းဖယ်ကျေးရွာ မူလတန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူ‌လေးများအား ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေးနှင့် အားကစားနည်းစနစ်များ အကြောင်းအသိပညာပေးဟောပြောခဲ့ပြီး၊ ကာယအချိန်များ၌ ကျောင်းသား၊ ကျောင်းသူများ အားကစားပြုလုပ်နိုင်ရန်ရည်ရွယ်၍ ဘောလုံး၊ ဘော်လီဘော၊ ခြင်းလုံးစသည့် အားကစားပစ္စည်းများအား ထောက်ပံ့‌ပေးအပ်ခဲ့ကြောင်း သိရသည်။

R-014 (မိုးနဲ)