မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

မန်တုံ နိုဝင်ဘာ ၁၁

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းအချိန်က ဒို့ကျေးရွာဂျာနယ်အတွဲ(၁၉)၊ အမှတ်(၁၇)စာစောင်မှ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့်“မကောင်းမှုများရှောင်ရှားပါ” ခေါင်းစဉ်ဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို အထက်တန်းကျောင်းသား၊ ကျောင်းသူများနှင့် ကျင်းပခဲ့သည်။

စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်ယုယုအောင်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနများ၌ ကျောင်းသားလူငယ်လူရွယ်အတွက် စာဖတ်စွမ်းရည်များဆောင်ရွက်ပေးခြင်းဖြင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာအုပ်စာပေမှရရှိသော ဗဟုသုတများဖြင့် အများအကျိုးဆောင်ရွက်နိုင်စေရန်၊ လူတိုင်းစာဖတ်ခြင်းအလေ့အထဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မအိုင်မိုး(Grade-10)မှ ကဗျာဆိုတာ အသံတိတ်ဖတ်ဖို့မဟုတ်၊ အသံထွက်ရွတ်ဆိုရတဲ့အရာမျိုးဖြစ်ကြောင်း စာပိုဒ်အားလည်းကောင်း၊ မလွေးအီမှူး(Grade-10)လူတစ်ဖတ်သားကို စိတ်ဆင်းရဲအောင် နာကျင်ထိခိုက်အောင် တမင်လုပ်တာ၊ နှိပ်စက်တာ၊ ရိုက်နှက်ပုတ်ခတ်တာလုပ်ရင် ကိုယ့်မှာပြန်ပြီး ရောဂါထူတာ၊ အနာတရဖြစ်တာမျိုး ပြန်ခံစားရတတ်ကြောင်း စာပိုဒ်အားလည်းကောင်း၊ မအိုင်ခေါင်(Grade-8)မှ သူများအသက်သတ်သည့်အတွက် အသက်ကိုယ့်မှာတို ပါအချက်(၁၀)ချက်အားလည်းကောင်း အစရှိသည့် စာပိုဒ်ဖြင့်လည်းကောင်း တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများမှ အသီးသီးယှဉ်ပြိုင်ဖတ်ကြား ဆောင်ရွက်ခဲ့ပါသည်။

မန်တုံ(ပြန်/ဆက်)