တောင်သာမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အခမ်းအနားမှူးသင်တန်းဖွင့်လှစ်

တောင်သာ နိုဝင်ဘာ ၁၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခမ်းအနားမှူးသင်တန်းအား ယမန်နေ့နံနက် (၁၀) နာရီအချိန်က ဖွင့်လှစ်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ပြောကြားပြီးနောက် သင်တန်းအားဆက်လက်ပို့ချရာ ယင်းသင်တန်းတွင် အခမ်းအနားမှူးတစ်ဦးတွင်ရှိရမည့် အဓိကအရည်အချင်းများ၊ အခမ်းအနားမှူး၏ ရုပ်ပိုင်းဆိုင်ရာများ၊ ဝတ်စားဆင်ယင်မှု၊ ကြိုတင်ပြင်ဆင်မှုနှင့် အခမ်းအနားမှူး ဆောင်ရန်/ရှောင်ရန်များ စသော ဘာသာရပ်များအား စာတွေ့လက်တွေ့ပို့ချဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းသင်တန်းကို နည်းပြအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်က ပို့ချဆောင်ရွက်မှာဖြစ်ပြီး သင်တန်းကာလကို (၁၀-၁၁-၂၀၂၂)ရက်နေ့နှင့် (၁၁-၁၁-၂၀၂၂)ရက်နေ့ (၂)ရက်တာပို့ချဆောင်ရွက်မှာဖြစ်ပြီး အဆိုပါသင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်း(၁၀)ဦးတို့မှ တက်ရောက်ခြင်းဖြစ်ပြီး အခမ်းအနားမှူးကောင်းတစ်ယောက်ဖြစ်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ပို့ချဆောင်ရွက်တာဖြစ်ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)