မိုးကောင်းမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် (၁၀)နာရီခွဲတွင် ကျင်းပခဲ့သည်။

မံစီမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို မြန်မာစကားပုံဆက်ပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမ၌ နိုဝင်ဘာ ၁၁ ရက် နေ့လယ် ၁၂ နာရီအချိန်ခန့်က (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို မြန်မာစကားပုံဆက် ပြိုင်ပွဲကျင်းပခဲ့သည်။

ရွှေကျင်မြို့တွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ လှူဒါန်းသော စာအုပ်/စာစောင်များအား ထပ်ဆင့်လှူဒါန်းပွဲကျင်ပ

ပဲခူးတိုင်းဒေသကြီး၊ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း ပဲခူးတိုင်း‌ဒေသကြီးမှ လှူဒါန်းသော စာအုပ်/စာစောင်များအား ထပ်ဆင့်လှူဒါန်းပွဲ ယနေ့နံနက် ၁၀ နာရီခွဲ အချိန်က ကျင်းပခဲ့သည်။

(၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးTalk Show

(၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးTalk Show နောင်ချို နိုဝင်ဘာ ၁၁ သန်းသန်းထွေး

တောင်ဥက္ကလာပမြို့နယ်၌ စာဖတ်ရှိန်မြှင့်မားရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲပြသ

ရန်ကုန်တိုင်းဒေသကြီး၊  ရန်ကုန်အ‌‌ရှေ့ပိုင်းခရိုင်၊  တောင်ဥက္ကလာပမြို့နယ်၊ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတရရှိစေရန်၊ စာပေကိုပိုမိုဖတ်ရှုနိုင်စေရန်၊ စာပေနှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် စာပေမှရရှိသည့် ဗဟုသုတများစွာရရှိနိုင်စေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများကို ယမန်နေ့မွန်းလွဲ(၂:၀၀)နာရီက အမှတ်(၄)အခြေခံပညာအထက်တန်း‌ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

မြေပုံမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ကွင်း၌ စံကွက်ရိတ်သိမ်းပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ကွင်းဆင်းသုခ(RS-CS)စိုက်ကွင်း၌ စံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက်(၈)နာရီအချိန်တွင် ကံသာထွက်ဝရပ်ကွက်ရှိ ကွင်းအမှတ်(၃၉)၊ ဦးပိုင်(၁၅၁/၃) တောင်သူဦးမောင်မောင်စိုးလယ်မြေတွင် ပြုလုပ်သည်။

ဒေါပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအညီ သွားလာနေထိုင်တတ်စေရန်အတွက် အသိပညာပေးဟောပြောပွဲကျင်းပ

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့စုမှဦးဆောင်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဝေါမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေး

ဝေါမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် ပညာရေးမှူးရုံးနှင့် သမဝါယမဦးစီးဌာနသို့ သွားရောက်၍ စာအုပ်၊ စာစောင်များ အခမဲ့ ငှားရမ်းခဲ့ကြသည်။
Subscribe to