ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့် (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ချောင်းဆုံမြို့နယ် ချောင်းဆုံအရှေ့ရပ်ကွက် ကျွန်းသာယာခမ်းမ၌ တီဘီရောဂါလူနာရှာ ဖွေကုသရေးအခမဲ့ ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်တီဘီရောဂါ တိုက်ဖျက်ရေးဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ချောင်းဆုံမြို့ကျွန်းသာယာခန်းမတွင် တီဘီရောဂါလူနာရှာဖွေရေး လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့ နံနက်က ကွင်းဆင်းကုသခဲ့သည်။

ကဝမြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီ က အ.ထ.က(ခွဲ)(ကျားတက်)ကျောင်း၌ ကျင်းပခဲ့သည်။

ကန်ကြီးထောင့်မြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံး၊ စာဖတ်စွမ်းရည်နှင့် အားကစားပြိုင်ပွဲများကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံး၊ စာဖတ် စွမ်းရည်နှင့် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများအား ယနေ့ နံနက် ၉ နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့သည်။

အုတ်တွင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ ပြုလုပ်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရန် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရေးနှင့် အားကစားစိတ်ဓာတ်မြှင့်တက်လာစေရန် ရည်ရွယ်၍ ယနေ့နံနက် ၉နာရီခွဲအချိန် က အုတ်တွင်းမြို့ အခြေခံပညာအထက်တန်းကျောင်း ပညာသီရိခန်းမ၌ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ကန်ကြီးထောင့် မြို့အထက (၁) ၌ အပါတ်စဥ်မိုဘိုင်းစာကြည့်တိုက်အဖြစ် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိနှင့်ဝန်ထမ်းများက ပညာရေးဌာနနှင့် ပူးပေါင်း၍ မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သော အနာဂတ်ကြယ်ပွင့်ကလေးငယ်များ ဘ၀အလင်းထွန်းတောက်လာစေဖို့ စာသင်ကျောင်းများ အရောက် သွားရောက်၍   စာပေနှင့် စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် ရွေ့လျားစာကြည့်တိုက်  (Mobile Library ) အား ယနေ့နေ့လည်အချိန်က  အမှတ် (၁)အခြေခံပညါ အထက်တန်းကျောင်းသို့  သုတ ရသစာအုပ် စာစောင်မျိုးစုံယူဆောင်၍ သွားရောက် ငှားရမ်းပေးခဲ့သည်။  
Subscribe to