ညောင်တုန်း နိုဝင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြို့နယ်အဆင့် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီခွဲအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးက လယ်ယာမြေလုပ်ပိုင်ခွင့် အမည်ပြောင်းလဲပေးရန် လျှောက်ထားမှုများအား လယ်ယာမြေနည်း ဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက်မှုကိစ္စရပ်များ၊ လယ်ယာမြေလုပ်ပိုင်ခွင့် အမည်ပေါက် ပုံစံ(၇)ပြန်လည်ထုတ်ပေးနိုင်ရေး ကိစ္စရပ်များ၊ မြေနုကျွန်းနှင့် စပ်လျဉ်းပြီး လုပ်ကိုင်စားသောက်ရန် မြေယာမရှိသော ဒေသခံများကို တန်းစီဇယားဖြင့် ချထားပေးနိုင်ရေး တင်ပြလာမှုအပေါ် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ချထားပေးနိုင်ရေး ကိစ္စရပ်များ၊ လယ်ယာမြေများကို စိုက်ပျိုးမှုမှ အခြားနည်းအသုံးပြုရန် လျှောက်ထားလာသည့် ကိစ္စရပ်များကို မြို့နယ်အဆင့် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဝင်များနှင့်အတူ ညှိနှိုင်းဆွေးနွေး ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်ဆက်)