တိုင်းရင်းဆေးဖြင့် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုများကို ကွင်းဆင်းဆောင်ရွက်ပေး
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား တိုင်းရင်း ဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရေးအတွက် ဖြူးမြို့နယ်တိုင်းရင်းဆေးဦးစီးဌာနနှင့် ဖြူးမြို့နယ်(၁၆)ကုတင်ဆံ့တိုင်းရင်းဆေးရုံတို့ ပူးပေါင်းကာ ယနေ့နံနက် (၁၀)နာရီ အချိန်က ဖြူးမြို့နယ်၊ ဇေယျဝတီမြို့ ဂျေပူအထကကျောင်းတွင် သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။