ရမည်းသင်းခရိုင်အတွင်း မဲဆန္ဒနယ်မြေ၊ မဲဆန္ဒရှင်စာရင်းများစိစစ်ခြင်းနှင့် မဲရုံများလျာထားသတ်မှတ်ခြင်းညှိုနိုင်းဆွေးနွေး

ရမည်းသင်း နိုဝင်ဘာ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်အတွင်း လွတ်လပ်၍တရားမျှတသည့် ၂၀၂၃ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပနိုင်ရေး မဲဆန္ဒနယ်မြေ၊ မဲဆန္ဒရှင်စာရင်းများစိစစ်ခြင်းနှင့် မဲရုံများလျာထားသတ်မှတ်ခြင်းညှိုနိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက ရမည်းသင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်းမိုးမြင့်၊ ဦးအောင်စောဝင်းနှင့် ဦးဘရမ်ရှောင်တို့က ရွေးကောက်ပွဲကော်မရှင်၏ ရည်မှန်းချက်လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ရမည့်ရွေးကောက်ပွဲလုပ်ငန်းများကိုလည်းကောင်း၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် ရမည်းသင်းခရိုင်အတွင်း မဲဆန္ဒရှင်စာရင်းမှန်ကန်တိကျစေရေးနှင့် မဲရုံများစနစ်ကျရှိစေရန်ကိုလည်းကောင်း အသီးသီးရှင်းလင်းပြောပြီး မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးတင်မင်းအေးမှ ရမည်းသင်းခရိုင်အတွင်း မဲရုံသတ်မှတ်နေရာမဲပေးသူဦးရေနှင့် မဲရုံသုံးပစ္စည်းများအခြေအနေတို့ကို ရှင်းလင်ပြောကြားရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မိုးမြင့်က ဖြည့်ဆည်းဆောင်ရွက်ခြင်းနှင့် နိဂုံးချုပ်စကားပြောကြားသည်။

အဆိုပါ မဲဆန္ဒနယ်မြေ၊ မဲဆန္ဒရှင်စာရင်းများစိစစ်ခြင်းနှင့် မဲရုံများလျာထားသတ်မှတ်ခြင်းညှိုနိုင်းဆွေးနွေးပွဲသို့ ခရိုင်အဆင့်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရမည်းသင်းမြို့နယ်၊ ပျော်ဘွယ်မြို့နယ်တို့မှ မြို့နယ်အဆင့်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရခိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်ရှင်အရာရှိများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များတက်ရောက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တာဝန်ခံများက ရမည်းသင်းမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်များအတွင်း မဲရုံတည်နေရာ၊ မဲစာရင်းများအဖွဲ့ခွဲကာစိစစ်ကြကြောင်း သတင်းရရှိသည်။

ဇော်ဝင်းအောင်