မြောက်ဦးမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်း

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနနှင့် မိုးစပါးရိတ်သိမ်းရေးအဖွဲ့တို့ပူးပေါင်း၍ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို မြောက်ဦးမြို့နယ်၊ တင်းထိန်ကန်ကျေးရွာ၊ ရန်မတွေ့အနောက်ကွင်း၌ ယနေ့ မိုးစပါးစံကွက် ရိပ်သိမ်းခဲ့ကြောင်း သိရသည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် လူထုအ​ခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အမျိုးသား​အောင်ပွဲအ​ကြောင်း သိ​ကောင်းစရာ များ အသိပညာပေး​(Talk Show)ဆောင်ရွက်

ရန်ကုန်တိုင်း​ဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ မွန်းလွဲပိုင်းက အမျိုးသား​အောင်ပွဲအ​ကြောင်း သိ​ကောင်းစရာများကို Talk Show အစီအစဉ်ပြုလုပ်၍ အသိပညာပေး​​ဆွေး​နွေး​ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်) ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်​ပေးနေမှုများကို အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့်အဖွဲ့ လာ​ရောက်ကြည့်ရှု့အားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မ​တော်​ဆေးအဖွဲ့​ခေါင်း​ဆောင် ဒုတိယဗိုလ်မှူးကြီးခွန်​ဇော် ​ဦး​ဆောင်သည့် တပ်ဖွဲ့ဝင်များသည်၊ တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)ဖြင့် ယမန်နေ့ နနက်  (၁၀)   နာရီတွင်   ငပုတောမြို့သို့ ​ရောက်ရှိခဲ့ပြီး ငပု​တောမြို့  ပြည်သူ့​ဆေးရုံဝန်းအတွင်းရှိ သံဃာ​ဆောင်တွင်  ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ​ဆောင်ရွက်​ပေးလျက်ရှိရာ  အ​နောက်​တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှုး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှု အား​ပေးခဲ့ကြသည်။

သံဖြူဇရပ်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို)ဟောပြောပွဲနှင့် ပြပွဲ ၊ပြိုင်ပွဲများ ပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူပေါင်းပြီး (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို)ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို (CommunityCenter) ခန်းမ၌ ပြုလုပ်သည်။

ပိုင်ကျုံမြို့၌  (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့၊ တန် ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့တွင် ကျရောက် မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် သတင်း စကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ဖြန့်ဝေပေးခဲ့သည်။

နွားထိုးကြီးမြို့တွင် (၁၀၂)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်များ ခင်းကျင်ပြသ

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု Community Centre ခန်းမ၌ သင်တန်းများ၊ အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင် ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၁၀)နာရီက (၁၀၂)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်၌ ပြည်သူများ ယာဥ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ ယာဥ်အန္တရာယ် ကင်းရှင်းစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီက စတင်၍ မြို့ပေါ်ရပ်ကွက်များ၊ လူစည်ကားရာနေရာများနှင့် ယာဥ်သွားလာမှု များပြားသော နေရာများတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် မိုးစပါးများ အောင်မြင်ဖြစ်ထွန်း

တောင်တွင်းကြီးမြို့နယ်တွင် မိုးစပါးများ အောင်မြင်ဖြစ်ထွန်း တောင်တွင်းကြီး နိုဝင်ဘာ ၁၄ အေးမိုးမိုးမြင့်
Subscribe to