ရမ်းဗြဲ နိုဝင်ဘာ ၁၄
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် ယနေ့နေ့လယ် ၁၂ နာရီအချိန်က Woman Club အဖွဲ့ဝင်များနှင့် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် ခေါင်းဆောင်မှု အတွေး၏ အရေးပါမှု စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြသည်။
ရှေ့ဦးစွာ ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အောင်တင်ကြည်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် ခေါင်းဆောင်မှုအတွေး၏အရေးပါမှု စာအုပ်မှ လူမှုဆက်ဆံရေး အရည်အသွေးခေါင်းစဉ်ဖြင့် မြို့နယ်အမျိုးသမီးကော်မတီအဖွဲ့ဝင် ဒေါ်ဝင်းလဲ့လဲ့ခိုင်နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဒေါ်ဟေမာလင်းတို့က ဖတ်ကြားပေးကြသည်။
၎င်းဖတ်ကြားဆွေးနွေးမှုများအပေါ်တွင် Woman Club အဖွဲ့ဝင်များက အပြန်အလှန်ဝိုင်းဝန်း ဆွေးနွေးကြရာ ဆွေးနွေးမှုများအပေါ်တွင် အားနည်းချက်အားသာချက်များကို မြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဒေါ်နန်းစောညွန့်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးအရာရှိ ဒေါ်အောင်တင်ကြည်တို့က ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြကြောင်းသိရသည်။
အောင်နိုင်(ပြန်/ဆက်)