ညောင်လေးပင်မြို့နယ်တွင် ၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ညောင်လေးပင် နိုဝင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီ အချိန်က ရွေးကောက်ပွဲကော်မရှင်အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အစည်းအဝေး၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဘုန်းမောင်မှ မဲစာရင်းမှန်ကန်ရေးကို အဓိကထား ဆောင်ရွက်ရန်လိုကြောင်း၊ ဌာနဆိုင်ရာများမှ လိုအပ်သည်များကို ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးရန်လိုကြောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးနေလင်းမှ လုံခြုံရေးနှင့်ပတ်သတ်သည်များကို ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာများက လိုအပ်သည်များကို အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

မြို့နယ်ပြန်ဆက်