နေပြည်တော် နိုဝင်ဘာ ၁၄
ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း အသိပညာပေး လုပ်ငန်းများကို အွန်လိုင်းမှတဆင့် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီတွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးမှုကို ဒက္ခိဏခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ဆောင်ရွက်ခဲ့သည်။
အသိပညာပေး ဆွေးနွေးမှုတွင် ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်၊ စာရေးဆရာ ခိုင်မင်း (နေပြည်တော်)တို့က အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ၊ အမျိုးသားအထက်တန်းကျောင်းများ ပေါ်ပေါက်လာပုံ၊ ယနေ့လူငယ်များအနေဖြင့် အမျိုးသားရေးစိတ်ဓာတ်ရှင်သန်ရေး၊ အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်သည့်အကြောင်း သိကောင်းစရာများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)