ခန္တီး နိုဝင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင်၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ရည်မှန်းချက်နှင့် မျှော်မှန်းချက်များကို ပြည့်ဝစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲသင်တန်း ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီ အချိန်က အခြေခံပညာ အထက်တန်းကျောင်းရှိ ကျန်စစ်သားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ခန္တီးခရိုင်၊ ခရိုင်ပညာရေးမှူး ဆရာမကြီးဒေါ်လှလှမြင့်က သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းဖွင့်အမှာစကားပြောကြားခဲ့သည်။ အဆိုပါ သင်တန်းကာလမှာ (၁၄-၁၁-၂၀၂၂) ရက်နေ့နှင့် (၁၅-၁၁-၂၀၂၂)ရက်နေ့ နှစ်ရက်တာ ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး ခန္တီးမြို့နယ်အတွင်းရှိ အထက်တန်းပြ၊ အလယ်တန်းပြ၊ မူလတန်းပြ၊ ကျောင်းအုပ်တာဝန်ခံများနှင့် ကျောင်းအုပ်စုစုပေါင်း (၉၁)ဉီး တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)