လိပ်သိုမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစနစ်ဖြင့် စာအုပ်စာပေများ ငှားရမ်းပေးခြင်း လုပ်ငန်းဆောင်ရွက်

လိပ်သို နိုဝင်ဘာ ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊လိပ်သိုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဝန်ထမ်းများကစာဖတ်ရှိန်မြှင့်တင်ရေးလုပ် ငန်းဆောင်ရွက်မှုတစ်ရပ်အနေဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယနေ့မွန်းတည့်(၁၂)နာရီအချိန်က လိပ်သိုမြို့ အခြေခံပညာ အထက်တန်းကျောင်းနားနေဆောင်တွင် ရွေ့လျားစားငှားစနစ်ဖြင့် သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေးရာတွင် ကျောင်းသားကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် အထွေထွေဗဟုသုတများ တိုးပွားရရှိလာစေရန်နှင့် ၎င်းတို့နှင့်သင့်လျော်သော သုတ/ရသစာအုပ်များ၊ မဂ္ဂဇင်းများ၊ရုပ်ပြစာအုပ်များကိုလည်း ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ရွေ့လျားစနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကြောင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သော ကျောင်းသား၊ကျောင်းသူများ စာအုပ်စာပေများ လေ့လာဖတ်ရှုခွင့်ရရှိလာကြပြီး ပြန်/ဆက်စာကြည့်တိုက်ကို စိတ်ပါဝင်စားမှုရရှိလာကာ စာကြည့်တိုက်သို့လာရောက်၍ စာပေ ဖတ်ရှုငှားရမ်းသူများ တိုးပွားလာကြောင်းနှင့် အပတ်စဉ် တနင်္လာနေ့နှင့်သောကြာနေ့တိုင်း သွားရောက်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

စောဝေါ်ကွောထူး