ဘားအံမြို့နယ်၊ ထီးဖိုးကလုံးကျေးရွာအနီးတွင် ငွေကျပ်သန်း (၁၅၀၀) ခန့် ရင်းနှီးမြှုပ်နှံ၍ တန် (၁၀၀) ဆန်စက်တည်ဆောက်မည်

ပြည်နယ်အတွင်းစိုက်ပျိုးထွက်ရှိသည့် ရာသီစပါးများအား ဆန်ချောအဖြစ် ထုတ်လုပ်ရောင်းချခြင်းဖြင့် လယ်ယာထွက်ကုန်ရောင်းချမှုကဏ္ဍ တိုးမြှင့်လာစေရေး ဘားအံမြို့၊ ထီးဖိုးကလုံးကျေးရွာ အနီး၌ တန် ၁၀၀ ဆန်စက် တည်ဆောက်လိုသော ပြည်နယ်အတွင်းမှ ဆန်စက်လုပ်ငန်းရှင်များအား ယမန်နေ့နံနက် ၁၁ နာရီခန့်က ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်များသည် ပြည်နယ်အစိုးရအဖွဲ့ရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

လှိုင်မြို့နယ် အ.မ.က ၃၀ကျောင်း၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး နယ်လှည့်ဟောပြောပွဲကို အ.မ.က.(၃၀)ကျောင်း၌ ယမန်နေ့ နံနက် (၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ကျောက်ပန်းတောင်းတပ်နယ်မိသားစုမှ ဆန်၊ဆီ အသားငါး/ ဟင်းသီးဟင်းရွက်များကို ပြည်သူများအတွက် သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကျောက်ပန်းတောင်း တပ်နယ်မိသားစုများက ပြည်သူများအားဆန်၊ဆီ၊အသား/ငါးနှင့်ဟင်းသီး၊ဟင်းရွက်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် (၆) နာရီကမှစတင်၍ မြို့မရဲစခန်းရှေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့၌ စာဖတ်ရှိန်မြင့်မားလာရေးအတွက် Mobile Library Bus ဖြင့် ဌာနဆိုင်ရာများ/ ကျောင်းများအရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေနှင့်စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေ ငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် (Mobile Library Bus) ဖြင့် ယမန်နေ့ နံနက်က သမဝါယမဦးစီးဌာန၊ ပညာရေးဒီဂရီကောလိပ်နှင့် အ.ထ.က(၃)ကျောင်းသို့ သုတရသ စာအုပ် စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက် ငှားရမ်းပေးခဲ့ကြသည်။

မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အများပြည်သူများ အမျိုးသားရေးစိတ်ဓာတ် ရှင်သန် တက်ကြွစေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ပြုလုပ် ရိုက်ကူးခဲ့ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ် ၊ ဝဲချောင်းကျေးရွာ တွင် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ လိပ်ကမ္ဘာကျေးရွာအုပ်စု၊ ဝဲချောင်းကျေးရွာ၌ နိုဝင်ဘာလ ၁၅ ရက်နေ့ နေ့လည် ၁ နာရီ အချိန်ခန့်တွင် မြစ်ရေတိုက်စားမှု​ကြောင့် မြစ်ကမ်းပါးပြိုကျခဲ့ရာ ဆန်စက် ဂိုထောင် (၁) လုံးနှင့် ဝါးနေအိမ်တစ်လုံး မောင်းတီးမြစ်အတွင်းသို့ မျှောပါသွားခဲ့ကြောင်း သိရသည်။

ပန်းတနော်မြို့၌ ဆီထွက်သီးနှံနေကြာ လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး အသိပညာပေး ဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် နေကြာသီးနှံလျာထားချက် ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် ခရိုင်အဆင့် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့် လုပ်ငန်းအကောင်အထည်ဖော်ရေး ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ပြည်လုံးချမ်းသာ သာသနာ့ ဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ငပုတောမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို) စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲ ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့ အခြေခံပညာအထက်တန်းကျောင်း (နဝရတ်) ခန်းမတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို) စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ဟိုင်းကြီးကျွန်းမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ရည်ရွယ်၍ ယမန်နေ့ နံနက် ၉နာရီ အချိန်က ဟိုင်းကြီးကျွန်းမြို့ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက အမှတ် (၁၊ ၂၊ ၃) ရပ်ကွက်များသို့ သွားရောက်ပြီး မီးဘေးကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပန်ဆိုင်း(ကြူကုတ်)မြို့ အထကကျောင်းနှင့် အမကစာသင်ကျောင်းများတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့ အ.ထ.က၊ အ.မ.က ကျောင်းများတွင် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်သော(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ပန်ဆိုင်း(ကြူကုတ်)မြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် အ.မ.ကကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to