ကလိန်အောင် နိုဝင်ဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့ညနေ့ (၃) နာရီအချိန်က အမှတ်(၃) ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများအား အခမဲ ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ (၁၀၂) နှစ်မြောက်အ မျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်) မှ ထုတ်ဝေခြင်းဖြစ်ပြီး ကျောင်းသားကျောင်းသူများနှင့် ပြည်သူများဗဟုသုတရရှိစေရန်အတွက် သတင်းစကား လက်ကမ်းစာစောင်တွင် (၁၀၂) နှစ်မြောက် အမျိုသားအောင်ပွဲနေ့ အထိမ်းအမှတ်၊ နိုင်ငံဘက်စုံဖွံ့ဖြိုးဖို့ တိုင်းရင်းသားအားလုံးစည်းလုံးညီညွတ်စို့၊ ၂၀၂၂ ခုနှစ်၊ (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ပညာရေးမျှော်မှန်းချက်၊ သူ့ကျွန်မခံ အမျိုးသားမာန်၊ မှန်ကန်သော မျိုးချစ်စိတ်ဓာတ်များရှိရန် အထူးလိုအပ်၊ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သောနိုင်ငံတော်ကြီး တည်ဆောက်အံ့၊ လူငယ်တွေရဲ့ခေတ်၊ ရန်ကုန်ယူနီဗာစီတီအက် ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁) ဦးနှင့် အမျိုးသားရေးအားမာန်၊ ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ်များစသည့် အချက်များပါရှိကြောင်း သိရှိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)