ဘူးသီးတောင်မြို့၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပိုစတာပြိုင်ပွဲကျင်းပ

ဘူးသီးတောင် နိုဝင်ဘာ ၁၆

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပိုစတာပြိုင်ပွဲကို ယနေ့နံနက် (၈) နာရီခွဲအချိန်အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း မေယုရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့် ပြိုင်ပွဲကို အမျိုးသားနေ့နှင့် နိုင်ငံအနာဂတ်ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အလယ်တန်းအဆင့် ပြိုင်ပွဲကို အမျိုးသားနေ့နှင့် လူငယ်တာဝန်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပန်းချီပိုစတာပြိုင်ပွဲများတွင် အမျိုးသားနေ့ ဒို့မမေ့ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား/သူ (၂၁)ဦး၊ အလယ်တန်းအဆင့်၌ ကျောင်းသား/သူ (၂၂)ဦး၊ ပန်းချီပိုစတာ ပြိုင်ပွဲတွင် အထက်တန်းအဆင့်၌ ကျောင်းသား/သူ(၁၆)ဦး၊ အလယ်တန်းအဆင့်၌ ကျောင်းသား/သူ(၁၄)ဦး၊ စုစုပေါင်း (၇၃) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ကျောင်းသား/သူများ ယှဉ်ပြိုင်နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဦးမောင်တင်အောင်နှင့် ကျောင်းအုပ် ဆရာ/မကြီးများက ကြည့်ရှုအားပေးခဲ့ကြသည်။

ပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသား/သူများအား (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

လှကျော်( ပြန်/ဆက်)