တောင်သာ နိုဝင်ဘာ ၁၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီက (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်ရခြင်းအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်က (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း အသိပညာပေးဆွေးနွေးပွဲ အကြောင်းနှင့် ပတ်သက်၍ ပြည်သူများ သိသင့်သိထိုက်သည်များကို ဆွေးနွေးမေးမြန်းပြီး ပညာရေး ဌာန(ငြိမ်း)ဦးစိုးနိုင်က (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အသိပညာပေးအကြောင်းနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲတွင် ပညာရေးဌာန(ငြိမ်း) ဦးစိုးနိုင်က ဆွေးနွေးပြောကြားရာတွင် ၁၃၈၄ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့သည် အမျိုးသားအောင်ပွဲနေ့ဖြစ်ပါကြောင်း၊ ၁၉၂၀ ပြည့် နှစ်တွင် အဂ်လိပ်အစိုးရသည် ရန်ကုန်ကောလိပ်နှင့်ယုဒဿန်ကောလိပ်တို့ကိုပေါင်း၍ တက္ကသိုလ်အဆင့် တိုးမြှင့်ရန် စီစဉ်ထားခြင်း၊တက္ကသိုလ် အက်ဥပဒေအရ ကျောင်းသားဦးရေကို ကန့်သတ် ထားပြီး ကျောင်းအိပ်ကျောင်းစားများသာ ဖြစ်ရမည်ဟု သတ်မှတ်ထားခြင်း၊ တက္ကသိုလ်ပညာကို ချမ်းသာကြွယ်ဝသူများ၏သားသမီးများသာ တက်ရောက်နိုင်ပြီး ဆင်းရဲနွမ်းပါးသူများ၏ သားသမီးများ မတက်ရောက်နိုင်အောင် စီစဉ်ထားရှိခြင်းတို့ကြောင့် ကောလိပ်ကျောင်းသားများက ၁၉၂၀ပြည့်နှစ် ဒီဇင်ဘာလ(၅)ရက်နေ့တွင် တက္ကသိုလ်အက်ဥပဒေကို ဆန့်ကျင်ကာ သပိတ်မှောက်ကြခြင်းဖြစ်ကြောင်းစသော အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံ အကြောင်းအား ရှင်းလင်းပြောကြားပြီးနောက် ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ် မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦးများ၏ အကြောင်းအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)