ရန်ကုန် နိုဝင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အမျိုးသားရေးစိတ်ဓာတ် နိုးကြားလာစေရန်နှင့် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများ သိရှိနိုင်စေရန်ရည်ရွယ်၍ ယနေ့ နံနက်(၁၁)နာရီက အင်းစိန်မြို့နယ်၊ အ.ထ.က(၁) ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြောင်း သိကောင်းစရာများကို ကျောင်းသား၊ ကျောင်းသူများအား ဟောပြောခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်နှင့် ဝန်ထမ်းများက (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ကျောင်းသား၊ ကျောင်းသူများထံ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် အမျိုးသားရေးအားမာန်၊ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ပညာရေးမျှော်မှန်းချက်၊ လူငယ်တွေရဲ့ခေတ်၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊ မှန်ကန်သော မျိုးချစ်စိတ်ဓာတ်များရှိရန် အထူးလိုအပ်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဂုဏ်ပြုကာတွန်း၊ ကဗျာ၊ ဆောင်ပုဒ်နှင့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြောင်း သိကောင်းစရာများ ပါရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)