မြန်အောင် နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ ဟောပြောပွဲနှင့်ပြိုင်ပွဲများကို နိုဝင်ဘာ ၁၅ ရက်နေ့က မြန်အောင်မြို့ ပြန်/ဆက် ဦးစီးဌာန Community Centre ခန်းမနှင့် ပြည်သူ့စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အ.မ.က တာကြီးတန်း ကျောင်းသား/ ကျောင်းသူများအား (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြပြီး (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများကို ပြန်/ဆက်ဦးစီးဌာန Community Centre ခန်းမ၌ အ.မ.က တာကြီးတန်း ကျောင်းသား ကျောင်းသူများနှင့် ကျင်းပပြုလုပ်အသိပညာပေး ဆောင်ရွက်ခဲ့ပြီး သံပုရာသီး ဇွန်းကိုက်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့သည်။
ဝင်းဗိုလ်(ပြန်/ဆက်)