ကော့သောင်း နိုဝင်ဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီခန်းမ၌ ပြုလုပ်သည်။
အစည်းအဝေးတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်အေးက ကလေးသူငယ်အခွင့်အရေး၊ ကာကွယ် စောင့်ရှောက်ရေး ဆောင်ရွက်ချက်များ၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခံရသော ကလေးအလုပ် သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာသည့် မြို့နယ်ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာကော်မတီဝင်များဖြစ်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အတွင်း ကလေးသူငယ်များနှင့်ပတ်သက်၍ အသီးသီးဆွေးနွေး တင်ပြခဲ့ကြသည်။
အဆိုပါအစည်းအဝေးတွင် ကလေးသူငယ်များ၏အခွင့်အရေးကို အပြည့်အဝရရှိရန်၊ ကာကွယ်စောင့်ရှောက်ရန်၊ ဖွံ့ဖြိုးတိုးတက်ရန်၊ ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရန်၊ ကလေးသူငယ်များ ဘဝလုံခြုံရေး၊ ကျောင်းနေအရွယ်ကလးများနှင့် ရပ်ကွက်အတွင်းရှိ ကျောင်းမနေသည့် ကလေးသူငယ်များအား ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပြီး ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)