ဘီးလင်းမြို့နယ်၌မြို့နယ်အဆင့်အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲပြုလုပ်

ဘီးလင်း နိုဝင်ဘာ ၂၀

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ် အဆင့်င်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက   အခြေခံပညာ အထက်တန်းကျောင်း (ဘီးလင်း)၌ ကျင်းပပြုလုပ်ရာ မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ မူလတန်းဆင့်နှင့် အလယ်တန်းဆင့် ကျောင်းသား၊ ကျောင်းသူ(၁၄၉) ဦး ဝင်ရောက် ဖြေဆိုကြသည်။

အဆိုပါ စွမ်းရည်ပြိုင်ပွဲ ဖြေဆိုရာ၌ ကျောင်းသား၊ ကျောင်းသူများသည်  နံနက်ပိုင်းတွင် ဘာသာရပ်အလိုက် ရေးဖြေဖြေဆိုကြပြီးနောက် နေ့လယ်ပိုင်းတွင် နှုတ်မှုစွမ်းရည်များအား ဆက်လက်ဖြေဆို ယှဉ်ပြိုင်ခဲ့ကြသည်။

ထိုသို့ ဖြေဆိုကြရာတွင် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၌ မူလတန်းအဆင့် ၁၇ ဦး အလယ်တန်းဆင့် ၄၆ ဦးနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ၌ မူလတန်း အဆင့်၂၂ ဦး အလယ်တန်းဆင့် ၆၄ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၄၉ ဦး  ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

ထူးနောင် (ပြန်ဆက်)