မော်လမြိုင်ကျွန်း နိုဝင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ဘောလုံးဆပ်ကော်မတီတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပုသိမ်ဘောလုံးအကယ်ဒမီ U-14 အသင်းနှင့် မော်လမြိုင်ကျွန်းမြို့နယ် U-14 ဘောလုံးအသင်းတို့ ချစ်ကြည်ရေး ဘောလုံးအားကစားပြိုင်ပွဲအား ယနေ့ညနေ ၃ နာရီခွဲအချိန်က မြို့မပြည်သူ့ ဘောလုံးအားကစားကွင်း၌ ဆောင်ရွက်သည်။
အဆိုပါ ဘောလုံးအားကစားပြိုင်ပွဲတွင် ပုသိမ်ဘောလုံးအကယ်ဒမီ U-14 အသင်းမှ မော်လမြိုင်ကျွန်း U-14 အသင်းအား အနိုင်ရရှိခဲ့ပြီး ချစ်ကြည်ရေးကစားခဲ့သော အားကစားအသင်း (၂) သင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ချီးမြှင့်သော ဂုဏ်ပြုဆုငွေများကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နှင်းမိုးလှိုင်၊ မြို့နယ်ဘောလုံးဆပ်ကော်မတီမှ တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
အောင်အောင်(ပြန်/ဆက်)