သာပေါင်းမြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ခေနန်၊ ကွင်း‌ပေါက်ကျေးရွာအုပ်စုများအရောက် ဖြည့်ဆည်းဆောင်ရွက်ပေး

သာပေါင်း နိုဝင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ခေနန်ကျေးရွာအုပ်စု၊ ခေနန်ကျေးရွာနှင့် ကွင်းပေါက်ကျေးရွာအုပ်စု၊ ကွင်းပေါင်ကျေးရွာတို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်း ကျေးရွာအရောက် ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြသည်။
ထိုသို့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကျေးရွာအရောက် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကြရာတွင် အဖွဲ့အမှတ်(၁)မှ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ခေနန်ကျေးရွာအုပ်စု၊ ခေနန်ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် အဖွဲ့အမှတ်(၁) မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာတို့က တတ်ရောက်လာကြသော ဒေသခံပြည်သူ (၃၄၀)ဦးတို့နှင့် တွေ့ဆုံ၍ အဖွဲ့အမှတ်(၂)မှ ကွင်းပေါက်ကျေးရွာအုပ်စု၊ ကွင်းပေါက်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် မွန်းလွဲ ၁၂ နာရီခွဲအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဝင်း၊ အဖွဲ့ဝင်(၂) ဦးကျော်တိုးနှင့် ဌာနဆိုင်ရာများက တတ်ရောက်လာကြ‌သော ကျေးလက်နေပြည်သူ (၂၆၅)ဦးတို့နှင့် တွေ့ဆုံကြ၍ တရားဥပဒေစိုးမိုးရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းတက်ရောက်ရေး၊ အလယ်တန်းဆင့်၊ အထက်တန်းဆင့် သင်ယူပြီးမြောက်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ စာသင်ကျောင်းများ မီးဘေးအန္တရာယ်လုံခြုံရေး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း (၆၆/၆) ပြုလုပ်နိုင်ရေး၊
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနိုင်ရေး၊ ရောဂါဖြစ်ပွားမှု လျော့နည်း စေရေးအတွက် ကြိုတင်ကာကွယ်နိုင်ရေး၊ အပြင်ထွက်တိုင်း Mask တပ်ဆင်ရေး၊ ကျေးရွာအုပ်စု ပြည်သူ့လုံခြုံရေး ကြီးကြပ်အဖွဲ့ပူးပေါင်း၍ လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး၊
ယာဥ်အန္တရာယ် ကင်းရှင်းရေး၊ မော်တော်ဆိုင်ကယ်စီးနင်းပါက ဆိုင်ကယ်စီးဦးထုပ်ဆောင်းရေး၊ သတ်မှတ်မိုင်နှုန်းအတိုင်း မောင်းနှင်ရေး၊ လမ်းပေါ် စပါးမလှန်းရေး၊ အလှူခံများလမ်းနှင့် လွတ်အောင် ယာဥ်အန္တရာယ်မဖြစ်စေဘဲ အလှူခံရေး၊ ဆောင်းသီးနှံနေကြာ စိုက်ပျိုးရေး၊ စနေနေ့တိုင်းကျေးရွာအလိုက်၊ နေအိမ်အလိုက်သန့်ရှင်းရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ်ကာကွယ်ဆောင်ရွက်ရန်၊ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကိစ္စရပ်များရှင်းလင်းဆွေးနွေးကြပြီး ဒေသခံပြည်သူများ သိရှိလိုသည်များမေးမြန်းကြရာကဏ္ဍအလိုက် သက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်းဆွေးနွေး ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်