သာပေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်

သာပေါင်း နိုဝင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် အခြေခံပညာကျောင်းများ မီးဘေးလုံခြုံရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့တို့မှ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က စတင်စစ်ဆေးဆောင်ရွက်ကြသည်။
ထိုသို့ အခြေခံပညာကျောင်းများ မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးမောင်မောင်ဟိန်းမင်း၊ မြို့နယ်ရဲတပ်ဖွဲ့၊ ဒုတိယရဲအုပ်အောင်လွင်မိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ် ကျွမ်းကျင်(၄) ဦးကျော်ရွှေနှင့် ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဦးကျော်ဇင်ထက်နှင့် တပ်ဖွဲ့ဝင်တို့က သာပေါင်းမြို့ပေါ်ရှိ အ‌ခြေခံပညာအထက်တန်းကျောင်း(သာပေါင်း)၊ အခြေခံပညာ မူလွန်(၂)ကျောင်း၊ အခြေခံပညာမူလတန်း(၂)ကျောင်း ပေါင်း(၅)ကျောင်းတို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ရေလှောင်ကန်ထားရှိခြင်း၊ လျှပ်စစ်အန္တရာယ် ကင်းဝေးရေး သွယ်တန်းထားရှိမှု အခြေအနေများ၊ မီးသတ်ဆေးဗူးတို့အား လိုက်လံကြည့်ရှု စစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်