ပုလောမြို့နယ်၌  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့်အလယ်တန်းအဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပ

ပုလောမြို့နယ်၌  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို နိုဝင် ဘာလ ၁၉ ရက်နေ့နံနက် ၉ နာရီက ပုလောမြို့ အမှတ် ၁ အခြေခံပညာ အထက်တန်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းလုံမြို့ ပြည်သူစာကြည့်တိုက်တွင် ကျောင်းပိတ်ရက်အတွင်း ကလေးငယ်များ အပြင်ဗဟုသုတရရှိစေရန် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းပိတ်ရက်အတွင်း ကလေးငယ်များ အပြင်ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမတွင် ဆောင်ရွက်ခဲ့ သည်။

ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက်ရှိ Mini Museum ပြတိုက်ငယ်သို့ ကျောင်းသား/သူများ လာရောက် လေ့လာ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက်တွင် ခင်းကျင်းပြသထားသော (Mini Museum) ပြတိုက်ငယ်သို့ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူများက ယနေ့နံ နက်ပိုင်းတွင် လာရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ (၃၃)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ  ကုလသမဂ္ဂ ညီလာခံ ကွန်ဗင်းရှင်း ကမာ္ဘ့ကလေးများနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြော

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် (၃၃)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ်  အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ နေ့လည် ၁ နာရီအချိန် အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆဒုံးမြို့ စိန်ဂျိုးဇက်ဘုရားကျောင်း၌ ကျေးဇူးတော်ချီးမွမ်းပွဲ (ကောက်သစ်စားပွဲ)ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့၊ ကက်သလစ်အသင်းတော် စိန်ဂျိုးဇက် ဘုရားကျောင်း၌ ကျေးဇူးတော်ချီးမွမ်းပွဲ (ကောက်သစ်စားပွဲ)ကို ယမန်နေ့ မွန်းလွဲ (၃) နာရီက ပျော်ရွင်စွာ ကျင်းပခဲ့ကြသည်။

သုံးခွမြို့နယ်တွင် မြို့နယ်သမဝါယသင်းစုလီမိတက်၏၂၀၂၀-၂၀‌၂၁ ဘဏ္ဍာရးနှစ်နှင့် ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအ‌ဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၀-၂၀‌၂၁ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

(၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမ္မဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အခမ်းအနားကျင်းပ

“အားလုံးအကျုံးဝင်ဖွံ့ဖြိုးဖို့ ကလေးတိုင်းအတွက် ဆောင်ရွက်စို့”ဆောင်ပုဒ်ဖြင့် (၃၃)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမ္မဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

တွံတေးမြို့နယ် ကန်ပတ်ရိုးကျေးရွာ၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အုပ်ချုပ်ရေးစစ်ကြောင်း လှုပ်ရှားမှုအနေဖြင့် တွံတေးမြို့နယ်၊ တကလှဲ့ကျေးရွာအုပ်စု၊ ကန်ပတ်ရိုးကျေးရွာ ကွင်းအမှတ် (၁၂၂-B) ကန်ပတ်ရိုးမြောက်ကွင်း၊ ဦးပိုင်အမှတ် (၁၅/၁ )၊တောင်သူဦးရဲကျော်သူ လယ် (၁၁.၆၄)ဧကနှင့် ဦးပိုင်အမှတ်(၁၅/၂ )ဒေါ်ဝင်းဝင်းနိုင်လယ်မြေ (၅.၉၄)ဧက အား မိုးစပါးစံကွက် ရိတ်သိမ်းပွဲကိုယမန်နေ့နံနက်၉နာရီက အဆိုပါလယ်ကွက်၌ပြုလုပ်ခဲ့ကြောင်းသိရသည်။

သရက်မြို့၌ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက်  ပြည်သူများနှင့် တွေ့ဆုံ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုး တိုးတက် ရေးအတွက်  ပြည်သူများနှင့် တွေ့ဆုံခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ(၁)နာရီက သဲတော ကျေးရွာ ရွာလယ် ဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ရာ ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ် အဆင့် ဌာနဆိုင်ရာများ ကျေးရွာနေ ပြည်သူများတက်ရောက်ကြသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် (၃၃)ကြိမ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက်

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ တိုင်းဒေသကြီး လူမှု ဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် (၃၃) ကြိမ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာလ ၂ဝ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင် တက်ရောက် အမှာစကား ပြောကြားသည်။
Subscribe to