ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်တိုက်နယ်ပြည်သူ့ဆေးရုံသစ် ပန္နက်တင်မင်္ဂလာပြုလုပ်
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်တိုက်နယ်ပြည်သူ့ဆေးရုံသစ် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယနေ့၊ နံနက်(၉)နာရီက ယိုးတရုပ်စံပြကျေးရွာရှိ သတ်မှတ်ထားတဲ့ ယိုးတရုပ်တိုက်နယ်ဆေးရုံမြေနေရာ၌ ရဟန်းသံဃာတော်များအား ပင့်ဖိတ်၍ ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။