သီပေါမြို့နယ်တွင် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ကျင်းပ

သီပေါ နိုဝင်ဘာ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ အနာဂတ်လူငယ်များ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဘက်စုံထူးချွန် ထက်မြက်လာစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက်(၉)နာရီက အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ အထက်တန်း၊ အလယ်တန်းအဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် (Grade-5) ကျောင်းသား/ကျောင်းသူ(၁၁)ဦး၊ (Grade-6) ကျောင်းသား/ ကျောင်းသူ (၁၀)ဦး၊ (Grade-7) ကျောင်းသား/ကျောင်းသူ (၁၁)ဦး၊ (Grade-8) ကျောင်းသား/ကျောင်းသူ (၁၄)ဦးနှင့် (Grade-9) ကျောင်းသား/ကျောင်းသူ(၉)ဦး စုစုပေါင်း(၅၅)ဦး တို့က အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ရေးဖြေနှင့် နှုတ်ဖြေ အခန်း(၂)ခန်းခွဲ၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)