မအူပင်မြို့နယ် (Community Centre) ခန်းမတွင် Book Club အဖွဲ့ စာဖတ်ဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပညာရေးစနစ်နှင့် ကျန်းမာရေးအသိခေါင်းစဉ်ဖြင့် Book Club အဖွဲ့ စာဖတ်ဝိုင်းကို နိုဝင်ဘာဘာ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

မက်မန်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာငှားခြင်းလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်မားစေရန် ရည်ရွယ်၍ နယ်လှည့်စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းလုပ်ငန်းများကို ယနေ့၊ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်းတွင် သွားရောက်ငှားရမ်းပေးခဲ့သည်။

ပဲခူးမြို့၌ အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေး စာအုပ်များနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

အပြည်ပြည်ဆိုင်ရာကလေးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့ ရန်ကုန်-မန္တလေးကားလမ်း နာရီစဉ်ပန်းခြံရှေ့တွင် ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံး ဦးဆောင်သည့်ဝန်ထမ်းများ၊ တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှပေးပို့သည့် ကလေးသူငယ်များအတွက် အသိပညာပေး လက်ကမ်းစာအုပ်များနှင့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပုလောမြို့နယ်၌ (စတုထ္ထအကြိမ်)  စိုက်ပျိုးရေးသုံး ယူရီးယားဓါတ်မြေသြဇာအိတ် (၄၀၀)ကို စျေးနှုန်း ချိုသာစွာ ဖြန့်ဖြူးရောင်းချ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့နယ်၌  ၂၀၂၂ခုနှစ်၊ စပါးစိုက်ပျိုး တောင်သူများအား (စတုတ္ထအကြိမ်) ယူရီးယားဓါတ်မြေသြဇာများ စျေးနှုန်းချိုသာစွာဖြန့်ဖြူးပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲ၌ ပုလောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းယောင်းတွင် စာတတ်သူတိုင်း စာဖတ်နိုင်ရေး စာအုပ်စာစောင်များငှားရမ်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် စာတတ်သူတိုင်း စာဖတ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် အခြေခံပညာကျောင်းများ၌ စာအုပ်၊ စာစောင်များ ငှားရမ်းဆောင်ရွက်ပေးနေကြောင်း သိရသည်။

ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)၌ မောင်မယ်သစ်လွင်နေ့ကျင်းပ

ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ်၊ ပထမနှစ်ဝက်သင်တန်းသို့ စတင်တက်ရောက်ကြမည့် ကျောင်းသား၊ကျောင်းသူများအား မောင်မယ်သစ်လွင်နေ့ (Fresher’s Day) အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကွန်ပျူတာတက္ကသိုလ် (စစ်တွေ)စုဝေးခန်းမ၌ ကျင်းပခဲ့သည်။

သီပေါမြို့နယ်တွင် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ အနာဂတ်လူငယ်များ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဘက်စုံထူးချွန် ထက်မြက်လာစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်(၉)နာရီက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်အဆင့် အထက်တန်းနှင့် အလယ်တန်းအဆင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ စတင်ထုတ်ပေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများကို ယနေ့နံနက် ၇ နာရီ အချိန်မှ စတင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၌ အိမ်တွင်းလျှပ်စစ်သွယ်တန်းနည်းသင်တန်းဖွင့်လှစ်

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ‌ကျေးလက်ဒေသများဖွံ့ဖြိုးတိုးတက်လာစေရေး ဒေသခံကျေးလက် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရေးအတွက် တစ်ပိုင်တစ်နိုင် အိမ်တွင်း မှုလုပ်ငန်းများ လုပ်ကိုင်နိုင်စေရေးအတွက် အိမ်တွင်းမှုလုပ်ငန်းသင်တန်းများအား ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး  ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး‌တိုးတက်ရေးဦးစီးဌာနရုံး၌ အိမ်တွင်း လျှပ်စစ်သွယ်တန်းနည်းသင်တန်း ဖွင့်ပွဲအခမ်းအနား ပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။
Subscribe to