မိုင်းယောင်းတွင် စာတတ်သူတိုင်း စာဖတ်နိုင်ရေး စာအုပ်စာစောင်များငှားရမ်း

မိုင်းယောင်း နိုဝင်ဘာ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် စာတတ်သူတိုင်း စာဖတ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် အခြေခံပညာကျောင်းများ၌ စာအုပ်၊ စာစောင်များ ငှားရမ်းဆောင်ရွက်ပေးနေကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများအား ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်နှင့် ဝန်ထမ်းများက သုတ၊ ရသ၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ ဂျာနယ်/စာစောင် စသည့် စာအုပ်ပေါင်း ၁၀၀ ကျော်ဖြင့် သွားရောက်ငှားရမ်းဆောင်ရွက်ရာ ကျောင်းသား၊ ကျောင်းသူများ လာရောက်ငှားရမ်းခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း