ရေဖြူမြို့နယ်၊ သက်ကယ်ကွက်ကျေးရွာတွင် ဒေသထွက် ငပိ၊ ငံပြာရည်၊ ငါးခြောက်တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်နည်း သင်တန်းဆင်းပွဲပြုလုပ်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ သက်ကယ်ကွက်ကျေးရွာတွင် ယနေ့နံနက် ၉ နာရီ၌ ဒေသထွက်ငပိ၊ ငံပြာရည်၊ ငါးခြောက် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ၅ ရက်ကြာ သင်ကြားပေးခဲ့ပြီး သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်ခဲ့ကြောင်းကြောင်း သိရသည်။