ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)၌ မောင်မယ်သစ်လွင်နေ့ကျင်းပ

စစ်တွေ     နိုဝင်ဘာ ၂၁

ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ်၊ ပထမနှစ်ဝက်သင်တန်းသို့ စတင်တက်ရောက်ကြမည့် ကျောင်းသား၊ကျောင်းသူများအား မောင်မယ်သစ်လွင်နေ့ (Fresher’s Day) အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကွန်ပျူတာတက္ကသိုလ် (စစ်တွေ)စုဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) ဒုတိယပါမောက္ခချုပ် ဒေါက်တာဇော်ထွန်းက ကြိုဆိုနှုတ် ခွန်းဆက်စကားပြောကြား သည်။ ဆက်လက်၍ ဘာသာရပ်အသီးသီးမှ ပါမောက္ခဌာနမှူးများက မိမိတို့ဘာသာရပ်အလိုက် မိတ်ဆက်စကား ပြောကြားကြပြီး ဘာ သာရပ်အလိုက် ဆရာ၊ ဆရာမများနှင့် မိတ်ဆက်ပေးကြသည်။  

ထို့နောက် ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများက မောင်မယ်သစ် လွင်များအား Campus Tour အဖြစ် စာကြည့်တိုက်၊ ဘာသာရပ်ဌာနများ၊ Languages Lab၊ FCST Lab၊ Physics Labနှင့် ကွန်ပျူ ဖတာခန်းများအား လှည့်လည်ပြသပြီး ဘာသာရပ်အလိုက် ဆောင်ရွက်ချက်များ၊ Project များအား ရှင်းလင်းပြသကြသည်။

ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)တွင် ၂၀၂၂ ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်၍ ကွန်ပျူတာတက္ကသိုလ်သို့ စတင်တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ပထမနှစ် (ပထမနှစ်ဝက်)သင်တန်းကို ယနေ့နံနက်ပိုင်းမှ စတင်ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိရာ ပထမနှစ်ကျောင်းသား၊ ကျောင်းသူ ၇၀ ရာခိုင်နှုန်း ကျောင်းဝင်ရောက်ကာ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)