ပြည်မြို့တွင် “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်” (အကြို)အသိပညာပေး ဆွေးနွေးပွဲ သင်တန်းပြုလုပ်
ယခုလာမည့် နိုဝင်ဘာ ၂၅ ရက်နေ့တွင် ကျရောက်မည့် “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်” (အကြို)ပြုလုပ်သည့် အသိပညာပေး ဆွေးနွေးပွဲသင်တန်းကို ပြည်မြို့ သူနာပြုသင်တန်း ကျောင်းခန်းမဆောင်၌ ယနေ့ နံနက်(၁၀)နာရီက ကျင်းပရာ ပြည်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ တာဝန်ရှိသူနှင့်ဝန်ထမ်းများ၊ ပြည်သူနာပြုသင်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီးနှင့် သင်တန်းသား/သင်တန်းသူများ စုစုပေါင်း(၁၅၀)ကျော် တက်ရောက်သည်။