သီပေါ နိုဝင်ဘာ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ အနာဂတ်လူငယ်များ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဘက်စုံထူးချွန် ထက်မြက်လာစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်(၉)နာရီက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်အဆင့် အထက်တန်းနှင့် အလယ်တန်းအဆင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ(၃၆)ဦးနှင့် အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ(၂၃)ဦး စုစုပေါင်း (၅၉)ဦးတို့က သင်္ချာစွမ်းရည်ပြိုင်ပွဲကို ရေးဖြေနှင့်နှုတ်ဖြေ အခန်း(၂)ခန်းခွဲ၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့် ပြိုင်ပွဲအသီးသီးတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများမှ ခရိုင်အဆင့်၊ ပြည်နယ်အဆင့် ပြိုင်ပွဲများဆက်လက် ယှဉ်ပြိုင်သွားကြရမည်ဖြစ်ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)