ဖျာပုံမြို့ အမှတ် (၁၀)ရပ်ကွက်တွင် ပန်းခင်းစီမံချက်(၂)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်​အမှတ် (၁၀)ရပ်ကွက်တွင်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ၊ ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်လွင်နှင့် ဝန်ထမ်းများသည် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက် (၂)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က အမှတ် (၁၀)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ပေးခဲ့ကြသည်။

သာစည်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ထုတ်ပေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ယနေ့နံနက်ပိုင်းမှ စတင်၍ ထုတ်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံမှ သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ ဒေသထွက်ကုန်လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု

MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်က အားပေးဆောင်ရွက်နေသည့်အချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ဒေသထွက်ကုန်များ ထုတ်လုပ်နေမှုကို ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက လားရှိုးမြို့ ဦးစိုင်းဝင်း၊ "ဟုန်ဖေမုန့်တိုက်"သို့ သွားရောက် ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်တွင် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချ

ပျော်ဘွယ်မြို့နယ်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အစီအစဉ်ဖြင့် မြို့နယ်ကုန်သည်ကြီးများအသင်းနှင့် ဆီလုပ်ငန်းရှင်များ ပူးပေါင်း၍ အခြေခံလူတန်းစားများ အဆင်ပြေချောမွေ့စေရန် အတွက် အခြေခံစားသောက်ကုန်များနှင့် ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းအား နိုဝင်ဘာလ(၂၁)ရက်၊ နံနက်(၆)နာရီခွဲက ပြည်သာယာရပ်ကွက်ရှိ သာသနာ့ဗိမာန်ဓမ္မာရုံအနီးတွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာငွေများ လစဉ်ပုံမှန်ထုတ်ပေး

မြန်မာနိုင်ငံတော်အစိုးရမှ နိုင်ငံတစ်ဝန်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ သက်ပြည့်ပင်စင်နှင့် လုပ်သက်ပြည့်ပင်စင်လစာငွေများအား လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံဝန်ထမ်းများ ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။

ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ရောဂါ မဖြစ်စေရေးအတွက် Mask Campaign ဆက်လက်ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ ပိုင်ကျုံမြို့၊ လူစည်ကားသည့် နေရာများတွင် ပြည်သူများ နှာခေါင်းစည်းတပ်ဆင် သွားလာရေး အသိပညာပေးသည့် Mask Campaign ဆောင်ရွက် ခြင်းလုပ်ငန်းကို ယနေ့နံနက်(၇)နာရီအချိန်တွင် ဆောင်ရွက်ခဲ့သည်။

သီပေါမြို့နယ်တွင် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ အနာဂတ်လူငယ်များ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဘက်စုံထူးချွန်ထက်မြက်လာစေရန် ရည်ရွယ်၍ ယမန်နေ့နံနက်(၉)နာရီက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်အဆင့် အထက်တန်းနှင့် အလယ်တန်းအဆင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့ ကျီတော်ကုန်းရပ်ကွက် မိုးကုတ်ဝိပဿနာကျောင်းလမ်းအား ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျီတော်ကုန်းရပ်ကွက် မိုးကုတ်ဝိပဿနာကျောင်းလမ်းအား ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နည်းပညာတက္ကသိုလ် (မန္တလေး) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသား/ကျောင်းသူသစ်များအတွက် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကျင်းပ

 သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ အောင်ချမ်းသာကျေးရွာအနီးရှိ နည်းပညာတက္ကသိုလ် (မန္တလေး)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသား/ကျောင်းသူသစ်များ၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်း အနားကို ယနေ့နံနက် ၁၀နာရီက အဆိုပါတက္ကသိုလ် ခန်းမဆောင်၌ ကျင်းပခဲ့သည်။

ရှမ်းရွာသစ်မြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး(Talk Show) ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to