အင်္ဂပူမြို့နယ်တွင် သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေး မွမ်းမံသင်တန်း(၁/၂၀၂၅)ဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးစီးဌာနရုံး အစည်းဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ မြိုနယ်အတွင်းရှိ သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ စွမ်းဆောင်ရည် တိုးတက်မြင့်မားစေရန်ရည်ရွယ်၍ပြုလုပ်သည့် သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေး မွမ်းမံသင်တန်း (၁/၂၀၂၅)ဖွင့် ဖွင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။