စစ်ကိုင်း ဒီဇင်ဘာ ၂၁
စစ်ကိုင်းမြို့နယ်တွင် အဓိကသီးနှံ(၁၀)မျိုး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လိုအပ်သည့် နည်းပညာနှင့် သွင်းအားစုများကို အချိန်နှင့်တပြေးညီ ပံ့ပိုးလျှက်ရှိရာ ယခုအခါ မြို့နယ်အတွင်းရှိ ပန်းတိုင်အထွက်နှုန်းသက်မှတ်ထားသည့် သီးနှံများထဲမှ ပန်းတိုင်ပြည့်မှီရန် ကျန်ရှိနေသည့် သီးနှံများအား ပန်းတိုင်ရည်မှန်းချက်၊ ထွက်နှုန်း မပြည့်မှီရခြင်း အကြောင်းအရာများကို စိုက်ပျိုးရေး ဦးစီးဌာနဝန်ထမ်းများမှ နယ်မြေကွင်းဆင်း၍ တောင်သူများထံမှ စစ်တမ်းများကောက်ယူလျှက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ တက်ရောက်လာသော တောင်သူများအား ကောက်ယူမေးမြန်းသည့် အချက်အလက်များနှင့် စစ်တမ်းကောက်ယူရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တောင်သူတစ်ဦးချင်း ဖြေကြားထားသည့် အားနည်းချက်၊ အားသာချက်များကို စာရင်းကောက်ယူ၍ စနစ်တကျလိုက်နာသင့်သည့် စိုက်ပျိုးရေးနည်းလမ်းကောင်းများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)