ဖြူးမြို့နယ်၌ ဆောင်းပဲသီးနှံမျိုးစုံအား လျာထားပြည့်မီ​ကျော်လွန် စိုက်ပျိုးပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ဆောင်းပဲသီးနှံစိုက်ပျိုး၍ ဒေသအတွင်း ရိက္ခာဖူလုံရေး၊ တောင်သူများ စိုက်ပျိုးရေးကဏ္ဍဖြင့် ဝင်ငွေတိုးပွားရေးရည်ရွယ်၍ ယခုနှစ် ဆောင်းပဲသီးနှံမျိုးစုံ ၁၂၅၂၀၂ ဧကစိုက်ပျိုးနိုင်ရေးလျာထားပြီး အောက်တိုဘာလမှ  စတင်စိုက်ပျိုးခဲ့ရာ ၁၄၃၄၉၃ ဧက စိုက်ပျိုးပြီးစီးကာ လျာထားချက် ပြည့်မီကျော်လွန်ခဲ့ကြောင်း သိရသည်။

မိုးညှင်းခရိုင်၌ အခြေခံပညာအထက်တန်းဆင့် Grade-11 နှင့် Grade-12 ကျောင်းသား/သူများအတွက် ဥပဒေအသိပညာပေးရေး ဆရာဖြစ်သင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအထက်တန်းဆင့် Grade-11 နှင့် Grade-12 တွင် ဥပဒေဘာသာရပ် ထည့်သွင်းသင်ကြားနိုင်ရေး ဆရာ၊ ဆရာမများ ဆရာဖြစ်သင်တန်း (TOT)ဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။

လမ်းမတော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က လမ်းမတော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ဇလွန်မြို့နယ်တွင် မြို့နယ်အဆင့် ရှာဖွေကယ်ဆယ်လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းဖွင့်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့်  မြို့နယ်အဆင့် ရှာဖွေကယ်ဆယ်လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီတွင် မြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် ပြုလုပ်ခဲ့သည်။

နိုင်ငံ့ဝန်ထမ်းအိမ်ရာများနှင့် အငြိမ်းစားဝန်ထမ်းအိမ်ရာများ၌ အပတ်စဉ်အခြေခံစားသုံးကုန်နှင့် အသား/ ငါး/ ဥ / ဟင်းသီးဟင်းရွက်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် နိုင်ငံ့ဝန်ထမ်းအိမ်ရာများနှင့် အငြိမ်းစားဝန်ထမ်းအိမ်ရာများ၌ အပတ်စဉ်အခြေခံစားသုံးကုန်နှင့် အသား/ ငါး/ ဥ ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုအား ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ဇလွန်တွင် အ.ထ.က(၁) ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် အ.ထ.က(၁)ဇလွန်တွင် ပညာရေးစုံညီပွဲတော် (School Family Day) အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် အ.ထ.က(၁)ဇလွန် အမျိုးသားဆောင်ခန်းမတွင် ပြုလုပ်ခဲ့သည်။

စာသင်ကျောင်းများ သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ဒုတိယမြို့တော်ဝန် ကွင်းဆင်းကြည့်ရှု

ရန်ကုန်မြို့တော်စည်ပင်သာ‌ယာရေးကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန်ဦးညီညီသည် အတွင်းရေးမှူး ၊ ကော်မတီဝင်များ ၊ ဌာနမှူးများ၊ ဒုတိယဌာနမှူး (စီမံ/ခရိုင်မြို့နယ်)၊ ဒဂုံမြို့သစ်ခရိုင် စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ယနေ့နံနက် ၈ နာရီ ၂၀မိနစ်က ရန်ကုန်တိုင်း‌ဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ၊အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် အမှတ်(၆)အခြေခံပညာအလယ်တန်းကျောင်းတို့တွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ ရေမြောင်းများတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေခြင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြောင်း သတင်းရရှိသည်။

မုံရွာမြို့ပေါ်ရပ်ကွက်များရှိ ဈေးကြီးများအား မီးဘေးအန္တရာယ်မဖြစ်ပွားစေရေး ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် မုံရွာမြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇင်မိုအောင်ဦးဆောင်သောအဖွဲ့သည် မုံရွာမြို့ပေါ် ရပ်ကွက်များရှိ ချင်းတွင်းဈေး၊ မြသလ္လာဈေး၊ သီရိရတနာဈေး၊ ပြည်ထောင်စုဈေးတို့သို့ ယနေ့နံနက်ပိုင်းကရောက်ရှိပြီး  ဈေးတာဝန်ခံများနှင့်တွေ့ဆုံပြီး ဈေးကြီးများအတွင်း မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးအား အထူးအလေးထားကာ  မီးငြိမ်းသတ်ရန်အတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ မီးသတ်ဆေးဘူးများ၊ မီးသတ်ရေကန်များ၊ ရေစုပ်‌စက်များ၊ ရေငုတ်များကောင်းမွန်မှု ရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

မိုင်းဖြတ်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာ​မေးပွဲ​အောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာ ​ဆွေး​နွေးပို့ချ

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ​အောင်ချက်မြင့်မား​ရေးအတွက် ကျိုင်းတုံတက္ကသိုလ်မှ ပါ​​​​​မောက္ခဆရာကြီး၊ ဆရာမကြီးများ၏ ​ဆွေး​နွေးပို့ချခြင်းကို ယ​နေ့နံနက်ပိုင်းက အ.ထ.က(မိုင်းဖြတ်)ရှိ ​ရွှေလီ​ဆောင်ခန်းမ၌ ​ဆွေး​နွေးပို့ချလျက်ရှိ​သည်။
Subscribe to