ငပုတော ဒီဇင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်စာစီစာကုံး၊ ကဗျာနှင့်ပန်းချီပြိုင်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်သည်။
အဆိုပါ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေအထိမ်းအမှတ်အကြို မြို့နယ်အဆင့် အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့်စာစီစာကုံးပြိုင်တွင် “လွတ်လပ်ရေးအမွေ ထိန်းသိမ်းစို့လေ” ခေါင်းစဉ်ဖြင့်လည်ကောင်း၊ ကဗျာပြိုင်ပွဲတွင် “ကာကွယ်ထိန်းသိမ်းကြစို့ လွတ်လပ်ရေးနေ့ရက်မြတ်သို့”၊ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့်ပန်းချီပြိုင်ပွဲတွင် “လွတ်လပ်ရေးနေ့နှင့် နိုင်ငံသားတိုင်းတာဝန်” ခေါင်းစဉ်ဖြင့်လည်ကောင်း၊ မူလတန်းအဆင့်ပန်းချီပြိုင်ပွဲတွင် “ကမ္ဘာတည်သ၍ မမေ့အပ်သောနေ့” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၁၀၁)ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။
အဆိုပါ ပြိုင်ပွဲကျင်းပနေမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ထားထားဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးဆရာမကြီး ဒေါ်မိုးမိုးအေးနှင့်တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက လာရောက်ကြည်ရှုအားပေးခဲ့ပြီး ပြိုင်ပွဲတွင်ဆုရရှိသူများအား ဆုများချီးမြှင့်ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)