ညောင်ဦးမြို့နယ်၌ ယာယီစစ်ဘေးရှောင်ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲ ကျင်းပပြုလုပ်
နိုင်ငံတော်အစိုးရ၏အစီအစဉ်ဖြင့် လတ်တလောနယ်မြေအခြေအနေအရ နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပေးအပ်လျက်ရှိပြီး အချို့မှာ ညောင်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ရောက်ရှိနေထိုင်လျက်ရှိပြီး ၎င်းတို့အနက် မြင်ကပါကျေးရွာတွင် ယာယီနေထိုင်လျက်ရှိသည့် စစ်ဘေးရှောင်ပြည်သူများအား ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ညောင်ဦးမြို့နယ်၊ မြင်းကပါကျေးရွာအုပ်စု၊ မြင်းကပါကျေးရွာဓမ္မာရုံတွင် ထောက်ပံပေးအပ်ခဲ့ကြောင်း သိသည်။