မိုးညို ဒီဇင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲပေးစက်ကိုင်တွယ်အသုံးပြုမည့် စက်ကိုင်များအား (မွမ်းမံ)လေ့ကျင့်ခြင်းကို ယနေ့နံက်ပိုင်းက မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်းရှိ အားကစားရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မဲပေးစက်အသုံးပြုပုံ လေ့ကျင့်ခြင်းကို မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ တက်ရောက်ပြီး မဲပေးစက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ မဲပေးစက်တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေးစက်အား ပြည်လည်ထုပ်ပိုးသိမ်းဆည်းပုံနှင့် ရွေးကောက်ပွဲဆိုင်ရာ သိသင့်သိထိုက်သည့် လုပ်ငန်းများကို လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)