ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချို-ကျောက်မဲလမ်း ဆက်သွယ်ရေးလမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်ပြီး ဒေသခံပြည်သူများ ပုံမှန်အတိုင်း ပြန်လည်နေထိုင် သွားလာနိုင်ရေးနှင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းပေးအပ်
တပ်မတော်က ပြည်သူလူထုအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ ကျောက်မဲမြို့အား အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး အစိုးရအုပ်ချုပ်မှုယန္တရားများ ပြန်လည်လည်ပတ်နိုင်ရေးနှင့် မြို့ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် ထူထောင်ရေးလုပ်ငန်းများကို ဒေသခံ ပြည်သူလူထုနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချို-ကျောက်မဲလမ်း ဆက်သွယ်ရေးလမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်ပြီး ဒေသခံပြည်သူများ ပုံမှန်အတိုင်း ပြန်လည်နေထိုင်သွားလာနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။