ဘီးလင်း နိုဝင်ဘာ ၂၁
ဘီးလင်းမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေးခြင်းကို မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲရှိ ဝန်ထမ်းများက ယနေ့နံနက် ၇ နာရီမှစ၍ နေ့ချင်းပြီးထုတ်ပေးလျက်ရှိကြောင်းသိရသည်။
ဘီးလင်းမြို့နယ်တွင် ပင်စင်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်း ၁၉၈၉ ခန့်ရှိရာ တစ်ရက်အတွင်း ပင်စင်လာရောက်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်း ၃၀၀ ကျော်ရှိကြောင်းသိရသည်။ အဆိုပါအငြိမ်းစားဝန်ထမ်း ပင်စင်စားများအား နိုဝင်ဘာ ၂၁ ရက်နေ့မှ ၂၉ ရက်နေ့အထိထုတ်ပေးသွားမည်ဖြစ်ပြီး သတ်မှတ်ရက်အတွင်း လာရောက်ထုတ်ယူနိုင်ခြင်း မရှိသူများကို ဒီဇင်ဘာလအတွင်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထူးနောင် ဘီးလင်း (ပြန်ဆက်)